Home­Portal­Calendar­Gallery­FAQ­Search­Memberlist­Usergroups­Register­Log in
Post new topic   Reply to topicShare | 
 

 Ubuntu Show@BAK

View previous topic View next topic Go down 
AuthorMessage
yeman
Founder
Founder


Posts: 97
Join date: 2009-07-23
Age: 25
Location: ရန်ကုန်

PostSubject: Ubuntu Show@BAK   Thu Nov 12, 2009 4:09 pm

Linux OS,
Ubuntu Distro

Linux ဆိုတာဘာလဲ
Ubuntu ဆိုတာဘာလဲ
Linux နဲ့ Ubuntu ရဲ့ သမိုင်းကြောင်း
ဘယ်လိုအသုံးချရလဲ၊
ဘယ်လို ရယူနိုင်လဲ
ဘယ်လောက် အသုံးဝင်လဲ

အခမဲ့ရရှိနိုင်ပြီး၊ လွတ်လပ်လွယ်ကူစွာအသုံးပြုနိုင်သည့်
Linux OS, Ubuntu Distro အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲအား
အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့အား

ကိုယ်တိုင် Installation လုပ်ပုံလုပ်နည်း၊ Customization လုပ်နည်း
(Windows Software များ/ Game/Effect များထည့်သွင်းခြင်း)
လွယ်ကူစွာ အသုံးပြုနည်း ၊ အသုံးပြုရာတွင် ဖြစ်ပေါ်တတ်သည့် အခက်အခဲများ၊
စသည်တို့ကို သာမန်အသုံးပြုသူများ အဆင်ပြေစေနိုင်ရန်
Presentation များဖြင့် ဆွေးနွေးခြင်း၊ လက်တွေ့ရှင်းလင်းပြသခြင်းများဖြင့်

BAK Shopping Center တွင်ပြုလုပ်သွားမည်ဖြစ်ပါသဖြင့်
မည်သူမဆို လာရောက်လေ့လာ ဆွေးနွေးနိုင်ပါကြောင်း

(စိတ်ပါဝင်စားသူများအား Installation နှင့် Customization ပြုလုပ်ပုံအား
ပြသပေးပြီးကိုယ်တိုင် ဝင်ရောက် ပြုလုပ်နိုင်ပါမည်။)

Title: Ubuntu Free Show
Date: 21/22-11-2009 (Sat/Sun)
Time: 10:00 to 12:00 Am
2:00 to 4:00 Pm

Location: BAK Shopping Center
Promotion Area
Olympic Tower, 1 floor
Corner of Bo Aung Kyaw Rd And Mahar Bandoola Rd.
Kyauktadar Tsp. Yangon



Last edited by yeman on Sun Nov 15, 2009 8:14 pm; edited 1 time in total
Back to top Go down
View user profile http://ubuntu4mm.org
yeman
Founder
Founder


Posts: 97
Join date: 2009-07-23
Age: 25
Location: ရန်ကုန်

PostSubject: Re: Ubuntu Show@BAK   Sat Nov 14, 2009 8:23 am

www.ubuntu4mm.org က ပို့ backup ဖိုင်ကိုလည်း ကျွန်တော် ကိုကိုရဲဆီ ပို့ပေးထားပါတယ်။ နောက်ပိုင်းကြရင်တော့ ဖရီးတွေ မသုံးတော့ပဲ မြန်မာလင်းနစ်ယူဆာတွေအတွက် (အထူးသဖြင့် ubuntu fan) တွေအတွက် မြန်မာလို လေ့လာနိုင်မဲ့ ဆိုဒ်ကောင်းကောင်းနဲ့ ဖိုရမ်ကောင်းကောင်း တစ်ခု ပေါ်ထွက်လာတော့မှာပါ။ ဒီအချိန်မှာတော့ ဒီဖိုရမ်နဲ့ ubuntu4mm.org လေးက သစ်မရောက်ခင် ၀ါးကူထိုးထားတဲ့ သဘောပေါ့။ ဒီက အဖွဲ့ဝင် ညီအကိုများကလည်း ၀ိုင်းဝန်းကြိုးပမ်းပေးကြပါ။ မသိတာများ ရှိရင်လည်း မေးမြန်းကြပါ။ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တစ်ချို့လည်း ဖိုရမ်မှာ ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် အချိန်နဲ့ တပြေးညီ ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ စမ်းသပ်လေ့လာချင်တဲ့ ညီအကိုများကိုလည်း ကျွန်တော်တို့ အဖွဲ့သားများမှ နွေးထွေးစွာ ကြိုဆိုပါတယ်။
Back to top Go down
View user profile http://ubuntu4mm.org
yeman
Founder
Founder


Posts: 97
Join date: 2009-07-23
Age: 25
Location: ရန်ကုန်

PostSubject: Ubuntu Show ၏ အစီအစဉ်   Fri Nov 20, 2009 2:15 am

ပထမရက် (21-Nov စနေနေ့) တွင်
မနက်ပိုင်းအစီအစဉ်တွင်
ပုံမှန် ဆွေးနွေး ပြသမှုအပြင်

Myanmar Linux Lab မှ ဆရာ
ပိတောက် Unicode ဖောင့် Creator www.thanlwinsoft.org
Keith Stribley မှ
လာရောက် ကူညီဆွေးနွေးပေးမည်ဖြစ်ပါသည်။


ဒုတိယရက် (22-Nov တနင်္ဂနွေနေ့) တွင် ပုံမှန်ဆွေးနွေးမှုအပြင်

မြစေတီနှင့် ပိရပိုက် ယူနီကုဒ်ဖောင့် တီထွင်သူ
ကိုငွေထွန်းမှ Ubuntu တွင် Wikipedia Offline အသုံးပြုပုံကို
ပါဝင်ပြသပေးမည်ဖြစ်ပါသည်။
Wikipedia Offline DVD အခွေ 100 ခန့်ယူလာပြီး Distribute လုပ်မည်ဖြစ်ပါသည်။

၂၂ ရက်နေ့တွင် Web Designer
Htoo Tay Zar http://www.htootayzar.com မှ
Ubuntu မှ ရုပ်ပုံဖန်တီးမှုနှင့် တည်းဖြတ်မှုဆိုင်ရာ
(EULA License - Photosho နှင့် illustrator အစား အခမဲ့ OSS ဖြစ်သော Gimp နှင့် Inkscape)
ဆော့ဝဲများအား လက်တွေ့ အသုံးပြုပြသမည်ဖြစ်ပါသည်။

ပြပွဲရက်နှစ်ရက်လုံးတွင်

Ubuntu ဆွေးနွေးပွဲများအပြီး လက်တွေ့လေ့ကျင့်နိုင်ရန် စက်များ ပြင်ဆင်ထားရှိပါမည်။
ကိုယ်တိုင် Installation ပြုလုပ်လိုသူများနှင့် ကိုယ်ပိုင် စက်အား Installation ပြုလုပ်လိုသူများ
လာရောက်စမ်းသပ်နိုင်ပါသည်။
Linux Document များအား အခမဲ့ မျှဝေနိုင်ရန် စီစဉ်ထားရှိပါမည်။
Linux Command Summary, How About Linux+Ubuntu, Software Installation

ပြပွဲရက်အတွင်း Ubuntu OS Installer
Desktop / NotebookRemix / Studio (DVD),
Ubuntu Software installer + Theme,
အခွေများအား သက်သာသောဈေးနှုန်းဖြင့်
ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ပြပွဲရက်အတွင်း မိမိစိတ်ကြိုက် ပန်းချီ ဓါတ်ပုံများဖြင့် Splash Theme (Windows အခေါ် Boot Skin) နှင့် Login Skin များရယူလိုပါက အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကြိုတင်မှာကြားလိုပါက
မိမိစိတ်ကြိုက်ပုံနှင့်တကွ email သို့ပေးပို့မှာကြားနိုင်ပါသည်။

Saturngod ၏ iPhone iTouch ပေါ်တွင် မြန်မာဖောင့်နှင့်လက်ကွက် အသုံးပြုနိုင်မည့် နည်းပညာအား အခမဲ့မျှဝေပါမည်။
Myanmar Linux Lab မှ ပြပွဲရက်အတွင်း Special Discount ဖြင့် သင်တန်းအပ်လက်ခံမည်ဖြစ်ပါသည်။
Microsoft Office အစားထိုးသုံးနိုင်သော OpenOffice အား မြန်မာဘာသာ ဖြင့်ဖြန့်ဝေပေးသွားပါမည်။ (Unicode5.1 / Zawgyi)
English-မြန်မာ / မြန်မာ-English အသုံးပြုနိုင်သော wxPyDict Windows Dictionary (Unicode5.1 / Zawgyi)
Eng-Myan Ornagai Mobile Phone Dictionary (Java Application)
ASCII မှ Unicode သို့ပြောင်းသော Converter များ (Win- Font to Zawgyi or Unicode 5.1)
စသဖြင့် အခမဲ့ Software များစွာ မျှဝေသွားမည်ရာ မည်သူမဆိုကူးယူနိုင်မည် ဖြစ်ပါသည်။

အခြား အကြံပေးလိုသည်များကို စောင့်မျှော်လျှက်ရှိပါသည်။
Back to top Go down
View user profile http://ubuntu4mm.org
 

Ubuntu Show@BAK

View previous topic View next topic Back to top 
Page 1 of 1

Permissions of this forum:You cannot reply to topics in this forum
 :: Announcement :: U4M သတင်း-
Post new topic   Reply to topic